Powered By Blogger

Friday, 15 July 2011

အချစ်စစ်ဆိုတာဘာလဲ

ယနေ့ တော်တော်များများ ပြောနေကြတဲ့ကိစ္စတခုကိုပြောချင်လို့ပါ ။အဲဒါက အွန်လိုင်းပေါ်ကအချစ်ဆိုတာ
တကယ်အချစ်စစ်မဖြစ်နိုင်ဘူးလို့ပြောနေကြတဲ့အတွက်ပါ.။
       ကျနော်ကလည်းမေးပါ၇စေ။အချစ်စစ်ဆိုတာ ဘယ်နေ၇ာ မှာတွေ့ပြီးချစ်မှ အချစ်စစ်လို့ပြောချင်ကြတာပါလဲခင်ဗျာ။ကျနော်ကတော့ အွန်လိုင်းပေါ်ကအချစ်ဟာလည်း အချစ်စစ်ပါဘဲဆိုတာပြောပါ၇စေ။ဒါကလည်း ကျနော့် အနေနဲ့ အ၇မ်းမဲ့ ထင်မြင်ပြောတာမဟုတ်ပါဘူး ။အွန်လိုင်းပေါ်မှာချစ်သူဖြစ်ခဲ့ကြပြီး လိုင်းပေါ်ကတဆင့် လက်ထပ်ခဲ့ကြတဲ့ ကျနော့်သူငယ်ချင်း (၂)ယောက်ကြာင့်ပါ ။
            သူတို့လိုင်းပေါ်မှာချစ်သူဖြစ်ခဲ့ကြပြီး လက်ထပ်ခဲ့ကြပါတယ်။ကောင်လေးက နိုင်ငံခြားမှာပါ ဒါကြောင့် လက်ထပ်စာချုပ်ကို အဝေးကနေပဲ လက်မှတ်ထိုးပြီးပို့ပေးခဲ့တာပါ။
          ဒါကြောင့် ကျနော့်အနေနဲ့ အင်တာနက်ဆိုတာလည်း အချစ်စစ်တွေကိုမွေးဖွားပေးနိုင်ပါတယ်လို့ပြောလိုက်ပါ၇စေ။
                                         (မှတ်ချက်)ကျနော်ပြောတာကို မယုံဘူး ၊လက်မခံနိုင်ဘူးဆို၇င် သူတို့နဲ့ စကားပြောကြည့်လို့၇ပါတယ် ။ဆက်သွယ်မေးမြန်းချင်၇င် naymyonanda617@ gmail ကနေတဆင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ။ 
                    အင်တာနက်ချစ်သူများ ပျော်၇ွှင်ချမ်းမြေ့ကြပါစေ
      

Tuesday, 5 July 2011

တရားသေ

လူဟေ့နော်...
မသူတော် စိတ်တစ်ပိုင်း
စိတ်ရိုင်းက အသင်္ချေ
မသေခင် ကာလတွင်း
မိုက်ရင်းနဲ့ နေ့တိုင်းပျော်...

လူဟေ့နော်...

အတ္တပေါ် မာနကဲ
မောဟထဲ လောဘ၀င်
ငါသာလျှင် သခင်ဖြစ်
ငါဖြစ်ခိုက် ငါမိုက်ရန်
ငါပြန်ချိန် ငါမသိ...

လူဟေ့နော်...

တစ်ယောက်ပေါ် တစ်ယောက်နင်း
တစ်ယောက်ဆင်း တစ်ယောက်တက်
တစ်ယောက်ထက် တစ်ယောက်ကဲ
ငရဲဆို ချိုနဲ့လား
ဘေးစကားသူမယုံ
စိတ်အာရုံ လှိုင်းကြမ်းစီး
ကိုယ့်မီးကို ကိုယ်တိုင်မွှေး
ကိုယ့်ကိုယ်ကို ထိုးကျွေးရင်း
သေမင်းဆီခြေလှမ်းမှန်...

လူဟေ့နော်...

တကြော်ကြော်သံကုန်ဟစ်
လှော်ရင်းနဲ့ နစ်မယ့်လှေ
သေမင်းဆီပန်းတိုင်မှတ်
ရပ်တန့်လို့ရခဲ့ရင်
သင်..ဘာတွေများ လုပ်မှာလဲ။ ။

ဟန်ကြည်

၂၁.၆.၂၀၁၁(အင်္ဂါနေ့)
၂:၃၀ နာရီ

ဂွကျခြင်း

"အို စာရှုသူ.. သင်သည် ဂွကျတတ်သူ တစ်ဦးပါလား။. . ."


စက်ပြင်ဆရာ (မက္ကင်းနစ်) တစ်ယောက် အတွက် ဂွကျခြင်းမှာ အန္တရယ်များလှစွာ၏။ အနှီသို့သော စကားကို အရင်းအဖျားမရှိ ပြောတတ်သော ကျနုပ်၏ ဥာဉ်အတိုင်း ပြောလိုက်သည့်အတွက် အသင်စာရှုသူများ၏ အတွေးကို နောက်ကျိရှုပ်ထွေးစေမည်ဖြစ်သည်။ ထို့ကြောင့် လင်းပေဦးအံ့။ စာရှုသူတို့အနေဖြင့် ရှေးဦးစွာ ဂွကျတတ်သော စက်ပြင်ဆရာ၏ လက်အောက်မှ လူများ၏ ဘ၀ကို ကိုယ်ချင်းစာနိုင်ရမည် ဖြစ်သည်။ စက်ပြင်ဆရာလက်မှ ကျလာသော ဂွသည် နံပါတ် ၁၄ ဂွ ထက်ကြီးလျှင်သော်၎င်း၊ ဂဏန်းလက်မ၊ ဘော့စပန်နာ စသော ဂွကြီးများဆိုလျှင်တော့ လက်အောက်နေသူများအဖို့ မထောင်းတာလှပေ။ သို့သော်ငြားလည်း အသင်စာရှုသူသည် စက်ပြင်ဆရာတစ်ဦး မဟုတ်ခဲ့လျှင်ကား သင်၏ဂွကျခြင်းသည် အများသူငါကို ထိပ်ပေါက်၊ ခေါင်းကွဲ၊ ဆေးရုံ ဆေးခန်းရောက်သည် အထိမဆိုးဝါးသွားစေကာမူ အတန်အသင့်တော့ စိတ်အနှောက်အယှက် ဖြစ်စေနိုင်ပေသေး၏။


အို စာရှုသူ.. သင်သည် ဂွကျတတ်သူ တစ်ဦးပါလား။ ဤမေးခွန်းကို အလောတကြီး မဖြေမီ ဂွကျခြင်းဆိုတာကို တိတိကျကျ သဘောပေါက်ရဲ့လားဟု ကိုယ့်ကိုယ်ကို ဆန်းစစ်သင့်သည်။ ဂွကျခြင်းဆိုသော သဘောတရားကို သင်အနေနှင့် အသက်ဘယ်အရွယ်လောက်တွင်မှ ရေးတေးတေး စတင်နားလည်ခဲ့သည်ကို မှတ်မိပါသေး၏လော။ အရစ်ရှည်ခြင်း၊ အတွေးခေါင်ခြင်း၊ ကြောင်ခြင်း၊ ခေါင်းမာခြင်း၊ ကန့်လန့်တိုက်ခြင်း၊ ကတ်တီးကတ်ဖဲ့ခြင်း၊ တယူသန် တဇွတ်ထိုးခြင်း စသည်တို့နှင့် ဂွကျခြင်း မည်ကဲ့သို့ ကွဲပြားသနည်းကို တိတိပပ ရှင်းပြနိုင်ပါသလား။ ဂွကျခြင်းကို ရည်ညွှန်းသည့် အင်္ဂလိပ်စာလုံး၊ တရုတ်စာလုံး၊ ဟင်ဒီစာလုံး၊ အာရေဗျစာလုံးများ ကိုလည်း သိရင်ပြောခဲ့ပါ။ အချစ်၏ ဆန့်ကျင်ဖက်သည် အမုန်း ဖြစ်ကြောင်း ကမ္ဘာ့လူဦးရေ တ၀က်ကျော်ကျော်ကလက်ခံထားသည်။ ထိုသို့ဆိုလျှင် ဂွကျခြင်း၏ ဆန့်ကျင်ဖက်သည် ပဇာနည်း။ ဂွတက်ခြင်း ပေလော။ (ကျနုပ်၏ ဘ၀တစ်လျှောက်လုံးတွင်တော့ ဂွတက်ခြင်းကို တစ်ကြိမ်သာ နဖူးတွေ့ ဒူးတွေ့ ကြုံဖူး၏။ အဆိုပါ သူငယ်ချင်းကို အရပ်မှဝိုင်းဝန်းပြီး ကြောင်မွေးမီးရှို့၍ ရှူခိုင်းလိုက်မှ ဂွတက်ခြင်း နိတ္ထိတံလေ၏။ ဤကား စကားချပ်။)


ကျနုပ်၏ အလိုအရ ဂွကျခြင်းသည် အမှန်တရားကို အတုံးလိုက် အတစ်လိုက် အသုံးပြုခြင်းပင်ဖြစ်သည်။ သင့်အနေဖြင့် ကျနုပ်၏ ယူဆချက်နှင့် မကိုက်ညီပါက လွတ်လပ်စွာ ကွဲလွဲခွင့်ရှိသည်။ အဘယ်ကြောင့်ဆိုသော် “လေနုအေး” ဆိုသော စကားလုံးကို ဆရာ ဒဂုန်တာရာ ၏ မူပိုင်ဟုသတ်မှတ်ထားသလိုမျိုး “ဂွကျခြင်း” ဆိုသော စာလုံးကို ကျနုပ်အနေနှင့် ဘယ်တုန်းကမျှ အပိုင်သိမ်းထားလိုစိတ် မရှိသောကြောင့်ဖြစ်သည်။ တချိန်သောအခါက စာရေးဆရာမ မစန္ဒာ သည် ဆရာမောင်သာရ နှင့်တွဲ၍ စာအုပ်တစ်အုပ်ထုတ်လေသည်။ ယင်းစာအုပ်တွင် ၄င်းတို့တစ်ဦးစီ၏ ၀တ္ထုတစ်ပုဒ်စီပါလေ၏။ မစန္ဒာ၏ ၀တ္ထုခေါင်းစဉ်မှာ “မစပ်သော ငရုတ်” ဖြစ်၍ မောင်သာရ၏ ၀တ္ထုခေါင်းစဉ်မှာ “ငရုတ်မှန်လျှင် စပ်ရလိမ့်မည်” ဟူသတတ်။ ကျနုပ်သည် ထိုအချိန်မှစ၍ ဆရာမောင်သာရအား ဂွကျသောသူ အဖြစ်သတ်မှတ်လိုက်တော့သည်။ သူသည်ကား ကျနုပ်အထက်တွင် ဆိုခဲ့သည့်အတိုင်း အမှန်တရားကို အတုံးလိုက် သုံးသဖြင့် ဤကဲ့သို့ အထင်ခံရခြင်းဖြစ်ပေ၏။


တစ်ခါက သမီးရည်းစားမောင်နှံ အတူတွဲလျှောက်စဉ် လမ်းဘေးတွင် ပန်းသည်တစ်ဦးကိုတွေ့လေသည်။ ရောင်းနေသော ပန်းများသည် အလွန်လတ်ဆတ် လှပသည် ဆိုသတတ်။ ထိုအခါ အမျိုးသားက သူ့ချစ်သူအား ပန်းဝယ်ပေးရမလား ဟုမေး၏။ အမျိုးသမီးက နေပါစေ ဟုပြောလိုက်သော်လည်း စိတ်ထဲတွင်မတော့ လောကမှာ ပန်းမကြိုက်တဲ့ မိန်းမဆိုတာများ ရှိလို့လား၊ ပန်းမကြိုက်တတ်ခဲ့ရင်တောင် ကိုယ့်ချစ်သူပေးတဲ့ ပန်းကို ငြင်းမယ့် မိန်းမများရှိမလား၊ တကယ်ဆို မေးနေဖို့ကိုမလိုပဲ ၀ယ်ပေးရမှာ စသည်ဖြင့်တွေးတွေးပြီး အခွင့်အရေးကြုံသည်နှင့် စိတ်ကောက်လေတော့သည်။ အမျိုးသားဖက်ကကြည့်လျှင်တော့ ပန်းမကြိုက်သူကို ပန်းဝယ်ပေးရင် မကောင်းဘူးဆိုတဲ့ စိတ်နဲ့ပါ။ သူတို့ နှစ်ယောက် ဘယ်သူ ဂွကျတာလဲ။


နေသည် အရှေ့အရပ်မှဝင်၍ အနောက်အရပ်မှ ထွက်သည်တဲ့။ မင်းခိုက်စိုးစန်လား တာရာမင်းဝေလား ဘယ်သူရေးလဲတော့ မမှတ်မိတော့ဘူး။ ကမ္ဘာကြီးကို အခန်းတစ်ခန်း ဒါမှမဟုတ် အိမ်တစ်လုံးလို့ သဘောထားကြည့်ပါတဲ့။ တစ်စုံတစ်ဦး သို့မဟုတ် ဧည့်သည်တစ်ယောက် အခန်းထဲ၊ အိမ်ထဲကို လှမ်းဝင်လာရင် ၀င်လာတယ်လို့ ပြောပြီး ပြန်ထွက်သွားရင် ထွက်သွားတယ်လို့ ပြောရမှာပေါ့တဲ့။ နေဟာ တစ်စုံတစ်ယောက်၊ ကမ္ဘာကြီးဟာ အခန်းတစ်ခန်းဆိုရင်ကော။ ဒီလိုဆိုရင်တော့ နေသည် အရှေ့အရပ်မှဝင်၍ အနောက်အရပ်မှ ထွက်သည်ဆိုတာ ဘယ်သူမှငြင်းမှာမဟုတ်ပါဘူး။ ဒါကိုကော ဂွကျတယ်လို့ပြောဦးမလား။


ရက်ပါရူး ရူးနေတဲ့ ကောင်လေးတစ်ယောက်ကတော့ ပြောပါတယ်.. အစ်ကိုရယ် ဂွဆိုတာ ကျမှကောင်းတာဗျ၊ ဒီတော့မှ ဒီလိုမျိုး ဆွဲဆွဲတင်လို့ ရတာပေါ့.. လို့ပြောပြီး သူ့ရဲ့ဘောင်းဘီပွပွ ဂွကျကျကို လက်ဖ၀ါးလေးနဲ့ အုပ်၊ နှစ်ချက်လောက်ဆွဲတင်ပြပြီး ကွတကွတနဲ့ ကပ္ပလီဂက်တို စတိုင် လျှောက်သွားလေတော့၏။
http://www.ainmat.com/index.php?/archives/1746-unknown.html